ပလောင်တွေ ဘာတွေလုပ်ကိုင်စားသောက်လဲ၊ ပလောင်ရဲ့ရိုးရာဓလေ့ဘယ်လိုရှိလဲ၊ သူတို့ကိုးကွယ်တဲ့ဘာသာတွေက ဘာတွေလဲ၊ ပလောင်အကြောင့်တစ်စေ့တစ်စောင့်ကို ကျမကြုံတွေသမျှကို ကျမရဲ့ မိတ်ဆွေတွေကို ဖလှယ်ပေးပါ့မည်။ လက်ဖက်အကြောင်းကို ကျမဖြတ်သန်းလာတဲ့ အတွေ့အကြံပေါ်မူတည်ပြီးတော့ စာအဖြစ်နဲ့ ကျမမိတ်ဆွေတွေကို ဖလှယ်ပေးချင်တယ်။ လက်ဖက်ကိုတော့ ပလောင်လို့ (မျမ်း) လို့ခေါ်ကြတယ်။ (နီးစပ်ရာအသံထွက်)
တပေါင်းလပြည့်ကျော်အချိန်မှစပြီးတော့ မိုးမကျခင်အထိ ဖူးပွင့်တဲ့လက်ဖက်ကို ရွှေဖီဦး ပလောင်လို (ရူပီ) လက်ဖက်ဟုခေါ်ဆိုပြီး မိုးခသွားသည့်လက်ဖက်များကို ခါ့ကန့်(ရကလာန်) ဟုခေါ်ကြတယ်။ လက်ဖက်ရွက်စိမ်းတွေကို လက်ဖက်စို(မျမ်းအိုမ်း)၊ လက်ဖက်ခြောက်(မျမ်းဟောင်)၊ စက်လှော်အချိုခြောက်(မျမ်းဒါ့) စသည့်ဖြင့် သူ့ကျော်ကြားရာဒေသအလိုက် လုပ်ကိုင်ကြတယ်။ ကျမတို့နယ်တွေမှာဆိုရင်တော့ သုံးမျိုးစလုံးလုပ်ကိုင်ကြတယ် ကနဦး စထွက်တဲ့လက်ဖက်ကို အခြောက်လုပ်ပြီး ထိုနောက် တဖြည်းဖြည်းရင့်လာသည့်ရွက်စိမ်းတွေကို ကျမတို့ စက်လှော်အချိုခြောက်ခြောက်လုပ်ကြတယ်၊ မိုးရာသီမှာ ဖူးပွင့်လာသည့်လက်ဖက်ကို လက်ဖက်စိုအဖြစ်လုပ်ကိုင်ကြတယ်။
လက်ဖက်ခြောက်အထွက်နှုန်းအကောင်းဆုံးဒေသဖြစ်သော ကွယ်ဟဲ (အတွင်းတောင်)၊ အာရမ်း၊ တောင်ကျော် စသည့် ဒေသဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင်ပါဝင်သည်။ ခွန်ဟောက်၊ ပန်နင်း၊ ဟဲခမ်း၊ ဆွတ်လွေး၊ စသည့် မိုင်းငေါ့နယ်တစ်ဝိုက်တွင် စက်လှော်အချိုခြောက်ကို အဓိကလုပ်ကိုင်ပြီး နမ့်ဆန်မြို့တွင်မှာလဲ တပ်မတော်လက်ဖက်ခြောက် စက်ရုံကြီးရှိသည်။ နမ့်ဆန်မြို့နယ် ဇယန်းကြီးဒေသမှာ လက်ဖက်စိုကို အဓိကလုပ်ဆောင်ကြသည်။
ကျောက်မဲမြို့နယ် တစ်ဝိုက်ရှိ ကျေးရွာများတွင်လဲ လက်ဖက်ခြောက်နှင့် လက်ဖက်စိုကို ဦးတည်ပြီး လုပ်ကိုင်ကြသည်။
လက်ဖက်လုပ်နည်းအကြောင်းများကို ဆက်ရန်ရှိသေးသည်။

